event-detail

イベント概要

ဒီတခေါက်မှာတော့就活マナーの基本【メール編】ဆိုသည့် ခေါင်းစဉ်ဖြင့် အလုပ်လျှောက်ရာတွင် အခြေခံအကျဆုံး လုံးဝမဖြစ်မနေသိထားသင့်သည့် Business Email Manner အကြောင်းကို Webinar လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

イベント詳細

Webinar တွင်ပါဝင်မည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီများသို့ အလုပ်လျှောက်ရာတွင် အသုံးဝင်မည့် ■ ဂျပန်လုပ်ငန်းခွင်သုံး Email Mannerများ ■ Email ရေးသားပုံရေးသားနည်းများ ■ မှားလေ့မှားထရှိသောအသုံးအနှုန်းများ ■ ပုံသေမှတ်ထားလို့ရမည့်အသုံးအနှုန်းများစသည်တို့ကို လက်ရှိ Rise For Careerတွင်Career Advisor အနေဖြင့် လုပ်ကိုင်လျက်ရှိသော ဂျပန်လူမျိုး Ms. Maegawa မှ ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပါတယ်။ မြန်မာစကားပြန်လည်းပါမှာဖြစ်သောကြောင့် ဂျပန်တွင်အလုပ်လုပ်ရန်စိတ်ဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပါသည်။ ဂျပန်နိုင်ငံတွင်အလုပ်လုပ်ဖို့စိတ်ဝင်စားသူများ ဂျပန်နိုင်ငံ၏Cultureကိုစိတ်ဝင်စားသူများ အားလုံးအတွက်အသုံးဝင်မည့်အကြောင်းအရာဖြစ်တာမို့ Webinar ကိုတက်ရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Webinarကိုတော့ အောက်ပါနေ့ရက် အချိန်တွင်ပြုလုပ်သွားမည်ဖြစ်ပါတယ်။ နေ့ရက် :၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့ အချိန်  :မနက် ၁၀ နာရီ မှ ၁၁ နာရီ၃၀မိနစ် (မြန်မာအချိန်) : နေ့လည်၁၂နာရီ၃၀မိနစ်မှ ၂နာရီ (ဂျပန်အချိန်) တက်ရောက်ရန် စာရင်းပေးသွင်းထားသူများအား Zoom URLများကို မေလ ၃၁ရက်နေ့တွင် ပို့ပေးသွားမှာ ဖြစ်ပါသဖြင့် မေလ၃၀ရက်နေ့နောက်ဆုံးထားပြီး စာရင်းသွင်းဖို့လိုပါတယ်။ Webinarတက်ရောက်လိုသူများအနေဖြင့် 「応募する」ဆိုတဲ့ buttonလေးကို နှိပ်ပေးဖို့လိုပါတယ်။

本サービス応募についてのお問い合わせ


本サービスを用いた応募についてご不明な点がある場合は、 以下ページよりお問い合わせください

このイベントに興味がある方へのおすすめイベント

有効期限切れた案件です。応募できません
go to top