မင်္ဂလာပါ..
ကျွန်တော်တို့ RISE for Careerမှနေပြီး ဂျပန်နိုင်ငံတွင်အင်ဂျင်နီယာတစ်ယောက်အနေဖြင့် အလုပ်လုပ်ချင်သော/ အလုပ်ပြောင်းချင်သော မြန်မာလူမျိုးများအတွက် Online Job Fairလေးကို ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကုမ္ပဏီအကြောင်းရှင်းလင်းခြင်း၊ အလုပ်အကိုင်များမိတ်ဆက်ခြင်းများကို အားလုံးအတွက်အဆင်ပြေစေရန် ကျွန်တော်တို့ RISE for Careerဝန်ထမ်းများမှ မြန်မာဘာသာဖြင့် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
Job Fairအပြီးတွင် မိမိစိတ်ဝင်စားသော ကုမ္ပဏီမှအလုပ်များအားတခါတည်းလျှောက်ထားနိုင်ပြီး Job Fairအပြီးတွင် ပထမအင်တာဗျူးချိန်းသွားမှာဖြစ်ပါတယ်။ ယခု Online Job Fairတက်ရောက်ရန်အတွက် ဝန်ဆောင်ခမလိုသလို၊ အလုပ်ရပြီးသွားပါကလည်း ဝန်ဆောင်ခပေးဆောင်ရန်မလိုပါဘူး။
Job Fairတွင် ဂျပန်ကုမ္ပဏီကြီး၁၀ခု ပါဝင်မှာဖြစ်ပြီး အလုပ်အကိုင်တွေကတော့ IT Engineer (Java/sAP ABAP/SE/PE/PM/etc) Electrical & Mechanical Design Engineer / M&E / Maintenance Engineer / Construction Site Engineer Construction Design Engineer (AutoCAD. BIM. etc) နှင့် တခြားအလုပ်များဖြစ်ပါတယ်။ ပါဝင်သွားမည့် ကုမ္ပဏီများနှင့် ကုမ္ပဏီတစ်ခုချင်းစီ၏ အချိန်ဇယားကို နောက်တစ်နေ့တွင် ဆက်လက်တင်ပေးသွားမှာဖြစ်ပါတယ်။
Online Job Fairကို တက်ရောက်ခြင်းအားဖြင့် ကုမ္ပဏီများ၏အားသာချက်များနှင့် အလုပ်ခေါ်စာများကို ကောင်းမွန်စွာနားလည်သွားမည်ဖြစ်ပြီး၊ Document Screening အဆင့်ထိပါ ပါသွားမည်ဖြစ်ပါသည်။
◆ Job Fairကို တက်ရောက်နိုင်သူများ
✓သက်ဆိုင်ရာမေဂျာအလိုက်ဘွဲ့ရထားသူများ
(IT သမားများအနေဖြင့် ဘွဲ့မရထားသေးသော်လည်း FEအောင်ထားပါက တက်ရောက်နိုင်ပါသည်။)
✓ဂျပန်စာ N3အထက်အောင်ထားသူများ(JLPT or Nat-test)
◆ Job Fairနေ့ အစီအစဥ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
1. ကုမ္ပဏီအကြောင်းရှင်းလင်းခြင်း
2. ကုမ္ပဏီမှခေါ်ယူနေသော အလုပ်များအကြောင်းရှင်းပြခြင်း
3. လျှောက်ထားရန်နှင့် Processများ ရှင်းလင်းခြင်း
4. Q&A
*ကုမ္ပဏီတစ်ခုကို မိနစ်၃၀ရှင်းလင်းပြောကြားသွားမှာဖြစ်ပြီ အထက်ပါအကြောင်းအရာများကို မိနစ်၃၀အတွင်းရှင်းလင်းပြောကြားသွားမှာဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုချင်းစီ၏ အချိန်ဇယားကို ကြေညာပေးသွားမှာမလို့ မိမိမေဂျာနှင့်သက်ဆိုင်သော ကုမ္ပဏီကိုရွေးချယ်ပြီးလဲ တက်ရောက်နိုင်ပါတယ်။
◆ အချိန်နှင့်နေ့ရက်
ကျင်းပမည့်နေ့ရက် - 14th September 2024 (စနေနေ့)
ကျင်းပမည့် အချိန် - 1pm - 5pm JST (10:30-14:30 MST)
ကျင်းပမည့်နေရာ - ZOOM ONLINE
◆တက်ရောက်ရန် စာရင်းပေးသွင်းရန်
Google Form : https://forms.gle/eKwcy2pD9YaU9wye8
RISE for Career Website မှတဆင့်လဲ စာရင်းပေးသွင်းနိုင်ပါတယ်။
တက်ရောက်လိုသူများအနေဖြင့် စက်တင်ဘာလ ၁၂ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမည်ဖြစ်ပြီး Zoom URL Linkများကို စက်တင်ဘာလ ၁၁ရက်နေ့တွင် ပေးပို့သွားမှာ ဖြစ်ပါတယ်။