event-detail

イベント概要

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသော အင်ဂျင်နီယာများအတွက် အလုပ်ရှာဖွေခြင်း၊ အင်တာဗျူးအတွက် ပြင်ဆင်ခြင်းစသည်တို့နှင့်ပတ်သက်သော Knowledge Sharing များကို ကျွန်တော်တို့ WILLTEC Myanmarနှင့် Rise For Career တို့မှ ပူးပေါင်းမျှဝေလျက်ရှိပြီး ဒီတခေါက်မှာတော့ Career up in Japan(IT Engineer)ဆိုတဲ့ ခေါင်းစဉ်ဖြင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။

イベント詳細

မိမိရွေးချယ်ထားတဲ့အလုပ်အကြောင်းနဲ့ ဘာလို့ရွေးချယ်ထားခဲ့တာလဲဆိုတာကို သေချာသိထားခြင်းက အင်တာဗျူးတွင် အရေးကြီးဆုံးအားသာချက်တစ်ခုဖြစ်တဲ့အတွက် ဂျပန်မှာCareer Up ဖြစ်အောင်
ဘယ်လိုပြုလုပ်ရမလဲ သိလိုသူများအတွက် Webinarလေးကို တက်ရောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်။
ပြောကြားပေးသွားမည့် အကြောင်းအရာကတော့
• ကိုယ့်ရဲ့ Careerကိုစဥ်းစားဖို့ ဘာကြောင့်လိုအပ်တာလဲ?ဘယ်လိုစဥ်းစားမလဲ?
• လုပ်သက်အလိုက် ITနယ်ပယ်တွင်လိုအပ်သောCertificate(အရည်အချင်း)များအားစဉ်းစားခြင်း
• ဂျပန်နိုင်ငံတွင် တိုးတက်နေသောနည်းပညာများအကြောင်း
• အင်တာဗျူးတွင် ဘယ်လိုပြန်လည်အသုံးချရမလဲ
စသည့်အချက်များကို လက်ရှိ Rise For Careerတွင် Recruitment Advisorနှင့် Career Advisorအနေဖြင့် နိုင်ငံခြားသားအင်ဂျင်နီယာများကို အင်တာဗျူးခြင်း၊ အလုပ်အကိုင်မိတ်ဆက်ပေးခြင်း၊ ကုမ္ပဏီများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို တာဝန်ယူလုပ်‌‌ဆောင်နေသည့် Ms Ayaka Kurachi မှပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
Webinar ကျင်းပမည့်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
Date ‐ 19.1.2025(SUN)
Time ‐ 10:00AM ~ 11:30AM (MMT)
12:30PM ~ 2:00PM(JST)
App ‐ Zoom Meeting
တက်ရောက်ရန်အတွက် ‌申込むကို နှိပ်၍ စာရင်းပေးသွင်းနိုင်ပါသည်။
စာရင်းပေးသွင်းထားသူများသို့ 17th Janတွင် ZOOM URLများကို ပေးပို့သွားမှာဖြစ်ပါသောကြောင့် 16th Janကို နောက်ဆုံးထားပြီး စာရင်းပေးသွင်းစေလိုပါသည်။

本サービス応募についてのお問い合わせ


本サービスを用いた応募についてご不明な点がある場合は、 以下ページよりお問い合わせください

このイベントに興味がある方へのおすすめイベント

Coming Soon...

申込む
go to top