event-detail

イベント概要

ဂျပန်စာရပြီး အတွေ့အကြုံလည်းရှိတဲ့သူတွေအနေနဲ့ အင်တာဗျူးမှာ မအောင်မြင်တာမျိုးတွေ ကြုံရတတ်ပါတယ်။
အဓိကအကြောင်းအရင်းကတော့ အင်တာဗျူးမတိုင်ခင်မှာ ပြင်ဆင်မှု မလုံလောက်တာကြောင့် ဖြစ်ပါတယ်။ အင်တာဗျူးမအောင်တဲ့လူတွေမှာ တွေ့ရလေ့ရှိတဲ့ အဓိကအမှားများ၊ အင်တာဗျူးအောင်ဖို့ ပြင်ဆင်ဖို့ လိုအပ်တဲ့အချက်များကို RISE for Careerတွင် အင်တာဗျူးများ ကိုယ်တိုင်လုပ်ပေးနေသော Ms.Maekawaမှနေပြီး ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ မြန်မာဘာသာပြန်လည်း ပါမှာဖြစ်တဲ့အတွက် ဂျပန်စကားမရလည်း စိတ်ပူစရာမလိုပါဘူး။

イベント詳細

Seminar နေ့မှာ ပြောပြသွားမဲ့အသေးစိတ်အချက်များမှာ
✅ Replyပြန်တာနောက်ကျတာ/ Responseမရှိတာ
✅ အင်တာဗျူးနေစဥ်အတွင်း အဖြေကြာနေတာ
✅ အချိန်မလေးစားတာ၊ ဝတ်စားဆင်ယင်မှုသပ်သပ်ရပ်ရပ်မရှိတာ
✅ ဂျပန်လူမျိုးတွေတွေးတဲ့ စကားလုံးအသုံးအနှုန်းကွာဟမှုများ
✅နားလည်အောင်လွယ်လွယ်ကူကူမရှင်းပြတတ်တာ
✅မှားယွင်းတဲ့စကားထောက်အသုံးပြုမှုတွေများတာ စသည်ဖြင့် ဖြစ်ပါတယ်။
ဒီလိုအမှားလေးတွေကို ပြုပြင်နိုင်ရင် အင်တာဗျူးအောင်မြင်နိုင်ရန် အခွင့်အရေးများသွားပါတယ်။
Seminarပြီးနောက်မှာ ကိုယ်မှားနေတာတွေ ပြင်သင့်တာတွေကို သိလာပြီး ပြုပြင်နိုင်လာမှာဖြစ်ပါတယ်။
အလုပ်အကိုင်ရှာဖွေရေးတွင် အလွန်အသုံးဝင်တဲ့အကြံဉာဏ်တွေပါဝင်မှာဖြစ်တဲ့အတွက် ဂျပန်တွင် အလုပ်လုပ်ရန်စိတ်ဝင်စားသူများ၊ အလုပ်ရှာနေသူများ မည်သူမဆို မဖြစ်မနေတက်ရောက်သင့်ပါတယ်။
≪Seminar ကျင်းပမည့်အချိန်≫
၁၇ရက် မေလ ၂၀၂၅ခုနှစ် (စနေနေ့)
12:30~14:00(ဂျပန်အချိန်)
10:00~11:30(မြန်မာအချိန်)
တက်ရောက်ရန်အတွက် 申込 ကို နှိပ်၍ စာရင်းပေးနိုင်ပါသည်။
စာရင်းပေးသွင်းထားသော Email Addressများသို့ ၁၆ရက် မေလတွင် ZOOM URLများ ပေးပို့သွားမှာဖြစ်ပါတယ်။

本サービス応募についてのお問い合わせ


本サービスを用いた応募についてご不明な点がある場合は、 以下ページよりお問い合わせください

このイベントに興味がある方へのおすすめイベント

建設
申込む
go to top