လက်ရှိ အင်ဂျင်နီယာများအနေဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် နိုင်ငံခြားသားများအတွက်ပါ တန်းတူအခွင့်အရေးရနိုင်သော ဂျပန်နိုင်ငံသည်လည်း ရွေးချယ်စရာတစ်ခုဖြစ်နေပါတယ်။
ဒါပေမယ့် ဂျပန်ကုမ္ပဏီအကြောင်း၊ ဂျပန်လုပ်ငန်းခွင်အကြောင်း၊ အလုပ်ရှာရာတွင် သတိထားရမည့်အချက်များကိုသေချာသိထားပါသလား။
ကျွန်တော်တို့ မြန်မာနှင့်အတူ အာရှနိုင်ငံတစ်ခုဖြစ်ပေမယ့် ဂျပန်နိုင်ငံသည်လုပ်ငန်းခွင်တွင် တမူထူးခြားတဲ့ စည်းမျည်းများ, သဘောထားများကြောင့် နာမည်ကြီးပါတယ်။
ဒါကြောင့် ဂျပန်သို့ အင်ဂျင်နီယာအနေဖြင့် သွားရောက်ချင်သူများအတွက် အလုပ်အကိုင်မိတ်ဆက်ပေးသည့်အပိုင်းတွင် အတွေ့အကြုံရှိ CA မှ အခြေခံသိထားရမည့်အကြောင်းအရာများကို အောက်ပါခေါင်းစဉ်များဖြင့် ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပါတယ်။
အကြောင်းအရာ
• ဂျပန်လုပ်ငန်းရှင်တွေက နိုင်ငံခြားသားဝန်ထမ်းတွေဆီကနေ ဘာတွေမျှော်လင့်ထားလဲ?
• ဂျပန်အလုပ်ရှာခြင်းရဲ့ အခြေခံအဆင့်များ
• အလုပ်ခေါ်စာတွင် သတိထားသင့်သော အချက်များ
• အလုပ်ရပြီးနောက် သတိထားသင့်သော အချက်များ
• ဂျပန်Work Cultureများ စသည်ဖြင့်ဖြစ်ပါတယ်။
Webinar ကို Aug 23rd ရက်နေ့ စနေ့နေ့ 10:00AM~ *မြန်မာအချိန်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါတယ်။
Seminar ကျင်းပမည့်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
Date ‐ 23.8.2025(SAT)
Time ‐ 10:00AM ~ 11:30AM (MMT)
12:30PM ~ 2:00PM(JST)
App ‐ Zoom
စိတ်ပါဝင်စား၍ တက်ရောက်လိုပါက 応募 ကိုနှိပ်၍ စာရင်းပေးသွင်းနိုင်ပါတယ်။
Zoom URLများကို သြဂုတ်၂၂ရက်နေ့တွင် ပို့ပေးသွားမှာ ဖြစ်လို့ သြဂုတ်လ ၂၁ရက်နေ့နောက်ဆုံးထားပြီး စာရင်းပေးသွင်းပေးဖို့ လိုပါတယ်။