Webinarမှာ ပြောကြားပေးသွားမည့် အကြောင်းအရာများမှာ
・ကိုယ်နှင့်ကိုက်ညီသည့်အလုပ်ခေါ်စာဟုတ်မဟုတ် ဘာတွေအသေးစိတ်ကြည့်ရမလဲ?
・CV Passဖြစ်ဖို့ မဖြစ်မနေလိုအပ်သောအချက်များ
・CV Formနှင့် Work Historyမှာ ဘာတွေထည့်ရေးသင့်လဲ?
・Rise For Careerတွင်ခေါ်ယူနေသောCompany နှင့် အင်ဂျင်နီယာနယ်ပယ်မှအလုပ်ခေါ်စာများအား ရှင်းပြမိတ်ဆက်ခြင်း
・အလုပ်လျှောက်ရမည့်နည်းလမ်းများ ရှင်းပြခြင်း တို့ပါဝင်မှာဖြစ်ပါတယ်။
※ဂျပန်စာ N3နှင့်အထက်ရှိသူများ မည်သူမဆိုလျှောက်ထားနိုင်ပါသည်။
ရှင်းလင်းပြောကြားပေးသွားမည့် Speakerကတော့ လက်ရှိ Rise For Career တွင် Career Advisorအနေဖြင့် အင်တာဗျူးများ၊အလုပ်မိတ်ဆက်ပေးခြင်းတို့ကို တာဝန်ယူလုပ်ဆောင်ပေးနေသည့် Ms Maekawa ဖြစ်ပါတယ်။
Webinar ကျင်းပမည့်အချိန်
နေ့ရက် - 25/4/2026 (Saturday)
အချိန် - 10:00~11:30(မြန်မာအချိန်)
12:30~14:00 (ဂျပန်အချိန်)
Webinar တက်ရောက်ရန်အတွက် ၂၃/၄/၂၀၂၆နေ့ကို နောက်ဆုံးစာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
၂၄/၄/၂၀၂၆နေ့တွင် Zoom URL ကို မေးလ်မှတဆင့် ပို့ပေးသွားမှာ ဖြစ်ပါတယ်။