LIVE IN JAPAN

外国人エンジニア採用を検討する際、ま
ず登録しておきたいサイト

どんな決意を持って渡日しますか? Vì sao bạn lại muốn đến Nhật Bản? ဂျပန်ကို ဘယ်လို ခံယူချက်နဲ့သွားမလဲ?

どんな決意を持って渡日しますか?

ミャンマーのような発展途上国では、母国を離れて海外へ働きに行くのは珍しくないことです。しかし、行く目的と決意が大事です。
日本へ行く場合は目的と決意が不確かではいけません。目的ということは自分が何のために行くか、何が欲しいのか、などです。
この目的を明確にしないといけません。

何のために行くか
自分の国では基本給料が低く物価が高く、また所得格差がある。家族をサポートしたい、また、自分の将来のためという目的で海外へ働きに行く人が多くいます。
自分が欲しいものは日本の会社で働いているという名誉か。お金か。まず明確する必要があります。
日本の会社又は工場で働いているという名誉が欲しい場合は、仕事に関する名誉はあるかもしれませんが、家族を十分にサポートできないとか、他の人と比べて、給料が低い場合もあります。
お金が欲しくて渡日する場合は、仕事の種類を考えてはいけません。例えば、工場の仕事、レストランのホール仕事、エンジニアなどを考えずに自分が大事にする点だけを考えればいいと思います。
ある人はミャンマーでは農業をメインにやっていましたが、日本へ行く時は工場や車修理で行きたいという人もいます。実は工場の仕事は時給900円ですが、農業は時給1000円なので、自分の選択になります。

決意は自分の目的によるだと思います。子どもの時、「日本へ掃除に行く」という話はよく聞いていたと思いますが、それを笑われた人もいます。
しかし、決意が強い人は日本から帰ってきたら、家を建てたり、お店を持ったりできます。決意が弱い人は、帰ってきても借金ばかりで変わりがありません。
ですから、お金が欲しくて日本へ行く人は貯金しないといけません。

日本へ行くのに一番いい方法が何か
ミャンマーでは、給料が低いことや就職チャンスが少ないことなどを理由として、地元を離れて海外へ行く人が増えています。国の貴重な人材が失われますが、母国では生活の保証がないのです。
海外へ働きに行く場合は海外の知り合いや送り出し機関を通していく人が多いです。

知り合いを通じて行くのと、送り出し機関を通じて行くのと、どちらがいいと思いますか
知り合いを通じて、直接、企業へ応募する場合、特に重要なのが履歴書の書き方です。履歴書はその人の第一印象となりますので、きちんと準備する必要があります。給料については、適正な金額が支払われなくてはなりません。
また、生活の関しても企業にしっかりと確認したほうがよいでしょう。
遠慮して、給料が低いことや手当が出たこともあります。

もし、送り出し機関を通じて行く場合は、自分のスキルに合う給料がもらえるかどうかは送り出し機関によって決まります。日本の生活に関して指導することも、送り出し機関の役割になります。
日本へ行くために必要なこと、準備事項、給料などを送り出し機関に相談することができます。また、送り出し機関のこともミャンマー労働局やSNS上で確認することができます。
信用することができる会社を見つけることは大事です。

Vì sao bạn lại muốn đến Nhật Bản?

Không ít người Việt Nam cũng như người đến từ các quốc gia đang phát triển khác muốn ra nước ngoài học tập và làm việc. Trong khoảng chục năm trở lại đây, cùng với các chính sách mở cửa và tiếp nhận lao động người nước ngoài của Nhật Bản, làn sóng “đi Nhật” đã và đang diễn ra vô cùng mạnh mẽ.
Tuy nhiên, không phải ai cũng xác định được rõ ràng mục tiêu “Vì sao tôi muốn đến Nhật bản”, “Tôi mong muốn có được gì khi đến đất nước này”

Xác định mục đích đến Nhật?

Có được mức thu nhập cao hơn trong nước?
Có thể trợ cấp cho gia đình?
Vì tương lai tốt đẹp hơn?
...

Trước tiên hãy xác định rõ vì sao bạn muốn đến và làm việc tại Nhật. Vì danh dự, vì muốn kiếm tiền, hay vì một mục đích cụ thể nào khác?
Nếu mục đích muốn đến làm việc tại Nhật là vì danh dự, thì ngoài việc có thể được cảm thấy tự hào vì công việc, bạn cũng cần cân nhắc đến tính huống lương và thu nhập từ công việc đó có thể thấp hơn so với người khác, có thể không chu cấp được đầy đủ cho gia đình.
Nếu mục đích chính muốn đến Nhật là vì tiền, thì đừng quá chú trọng vào loại công việc mà hãy tập trung vào mục tiêu chính của mình là kiếm được nhiều tiền mà cân nhắc lựa chọn công việc nà đem lại thu nhập tốt nhất: làm xưởng ở nhà máy? nhân viên phục vụ nhà hàng? kỹ sư?...
Có bạn lúc còn ở Việt Nam chuyên làm nông nghiệp, nhưng lại muốn sang Nhật làm công việc ở nhà máy và sửa chữa ô tô. Thực tế thì mức lương theo giờ của công việc ở nhà máy là 900 yên/giờ, còn công việc liên quan nông nghiệp là 1000y/ giờ, nên cuối cùng bạn lại chọn sang Nhật làm nông nghiệp.
Như vậy quyết định lựa chọn sau cùng phụ thuộc vào mục đích chính của mỗi người.
Chắc hẳn sẽ có nhiều người cười khi nghe ai đó nói rằng “Tôi muốn sang Nhật để làm lao công quét dọn”, nhưng nếu mục đích chính của người đó là kiếm tiền, và công việc lao công quét dọn tại Nhật có thể đem lại một khoản thù lao tương xứng thì cũng không có gì đáng ngạc nhiên cả.
Với những người có mục đích kiếm tiền rõ ràng và có quyết tâm cao, thì sau một thời gian làm việc tích cóp tại Nhật có thể trở về nước xây nhà, mở kinh doanh riêng; còn những người không có mục đích rõ ràng có thể quay về với hai bàn tay trắng, thậm chí còn thêm một gánh nợ lớn.

Lựa chọn phương thức sang Nhật phù hợp
Từ việc xác định mục đích vì sao bạn muốn sang Nhật làm việc, hãy tìm hiểu và lựa chọn cho mình phương thức phù hợp: sang từ con đường du học, thực tập sinh kỹ năng, hay sang theo diện kỹ sư.
Hãy vạch định cho mình một kế hoạch lộ trình rõ ràng sau khi sang Nhật, chứ không phải chỉ đến bước sang được đến Nhật rồi sau đó tính tiếp. Song song với đó, dành thời gian tìm hiểu xem điều kiện về cuộc sống và điều kiện làm việc với từng phương thức sang Nhật.

ဂျပန်ကို ဘယ်လို ခံယူချက်နဲ့သွားမလဲ?

မြန်မာနိုင်ငံနည်းတူ ဖွံဖြိုးဆဲ နိုင်ငံတွေမှာတော့ နေရပ်စွန့်ခွာပြီး နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်တယ် ဆိုတာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။
ဒါပေမယ့် သွားရောက်ရတဲ့ ရည်ရွယ်ချက်နဲ့ခံယူချက်ကတော့ အရေးကြီးပါတယ်။

ဂျပန်ကိုလာမယ်ဆိုရင် ရည်ရွယ်ချက်နဲ့ ခံယူချက်က ပိုခိုင်မာဖို့လိုပါတယ်။
ရည်ရွယ်ချက်ဆိုတဲ့နေရာမှာ ကိုယ်က ဘာအတွက်လာတာလဲ? ဘာလိုချင်လို့ လာတာလဲ? ဆိုတာကို သိရှိဖို့လိုအပ်ပါတယ်။

ဘာအတွက်လာတာလဲ?
ကိုယ့်နိုင်ငံရဲ့ အခြေခံလစာ နည်းပါးမှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ လူတန်းစားမညီမျှမှု စတာတွေကြောင့် မိသားစုကို ထောက်ပံဖို့၊ မိမိရဲ့ ရှေ့ရေးအတွက် စတဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကြရတာပါ။
ဒါ့ကြောင့် ဘာလိုချင်လို့လာတာလဲ?ကိုယ်လိုချင်တာက ဂျပန်က ကုမ္ပဏီတခုမှာ အလုပ် လုပ်နေတယ်ဆိုတဲ့ ဂုဏ်လား? ပိုက်ဆံလား? ဆိုတာကို အရင်ဆုံးခွဲခြားသိရှိဖို့လိုပါတယ်။
ဂျပန်က ကုမ္ပဏီ(သို့) စက်ရုံ တခုမှာ အလုပ်လုပ်နေတယ်ဆိုတဲ့ ဂုဏ်ကိုလိုချင်တယ် ဆိုရင် အလုပ်ကတော့ ဂုဏ်ရှိပေမယ့် တကယ်တန်း အိမ်ကိုလောက်ငအောင် မထောက်ပံနိုင်တာ၊ မိမိကိုယ်တိုင်လည်း အခြားသူတွေလောက် ပြည့်ပြည့်စုံစုံ မနေရတာမျိုးတွေရှိတက်ပါတယ်။
ပိုက်ဆံလိုချင်လို့လာတယ် ဆိုရင် အလုပ်ရွေးနေလို့ မရပါဘူး စက်ရုံမှာလုပ်ရမှ၊ စားပွဲထိုးမှ အင်ဂျင်နီယာမှ စတာတွေရွေးမနေဘဲ ဝင်ငွေကောင်းတဲ့အလုပ်နဲ့ ဂျပန်ရောက်ရင်ပြီးရော ဆိုတဲ့ အလုပ်မရွေးတဲ့သူတွေက ပိုပြီး အဆင်ပြေကြတာတွေ့ရပါတယ်။
တချို့ဆိုရင် မိရိုးဖလာ စိုက်ပျိုးရေးကို လုပ်ခဲ့ကြပေမယ့် ဂျပန်ကို စက်ရုံအလုပ်ရမှသွားချင်တဲ့သူတွေ၊ ကားပြင်ရမှသွားချင်တဲ့သူတွေရှိပါတယ်။
အဲ့ဒီလိုအချိန်မှာ စက်ရုံမှာ တစ်နာရီ ယန်း၉၀၀ လောက်နဲ့ အလုပ်လုပ်မလား စိုက်ပျိုးရေးနဲ့ တစ်နာရီ ယန်း ၁၀၀၀ကျော်ရတဲ့အလုပ်ကို လုပ်မလား ခွဲခြားသိဖို့ လိုအပ်ပါတယ်။

ခံယူချက်ဆိုတဲ့ အပိုင်းမှာလည်း ရည်ရွယ်ချက်အပေါ်ကို အခြေခံပါတယ်။ ငယ်ငယ်ပြောကြတယ် ဂျပန်ကို သွားရောက် အလုပ်လုပ်ရင် အိုက်တိုးပဂေးဆန် ဆိုပြီး ပြောကြပါတယ်။
ဒီကောင်ဂျပန်သွားအလုပ်လုပ်တာ ဆိုရင် အိုက်တိုးပဂေးဆန် လားဆိုပြီးပြောပြီး ရယ်ခဲ့ကြတဲ့သူတွေရှိမှာပါ။
ဒါပေမယ့် ခံယူချက်ခိုင်မာတဲ့ သူတွေက ဂျပန်ကနေပြန်ရောက်လာကြပြီး အနည်းဆုံးတော့ အိမ်ပိုင်လေးနဲ့ ဆိုင်လေး တဆိုင်တော့ ပိုင်ဆိုင်ထားကြပါတယ်။ ခံယူချက်မခိုင်မာတဲ့သူတွေကတော့ ပြန်လာပြီး အကြွးပြန်တင်နေကြတာများပါတယ်။
ဒါ့ကြောင့် ကိုယ်က ပိုက်ဆံရှာဖို့အတွက် လာတာဆိုရင်တော့ အလုပ်မရွေးဖို့ လိုပါတယ်။ပိုက်ဆံစုတတ်ဖို့လိုပါတယ်။ ခံယူချက်ခိုင်မာဖို့လိုပါတယ်။

ဂျပန်ကိုသွားဖို့ အကောင်းဆုံး နည်းလမ်းက ဘာလဲ?
မြန်မာနိုင်ငံမှာ လုပ်ခလစာမလုံလောက်မှုတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် နေရပ်စွန့်ခွာပြီး နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကိုင်သူတွေ များပြား လာကြပါတယ်။
နိုင်ငံအတွက် လူငယ်အရင်းအမြစ်တွေ ဆုံးရှုံးပေမယ့်လည်း ဘဝအာမခံချက်မရှိတဲ့အတွက် နိုင်ငံကိုစွန့်ခွာကြရပါတယ်။
နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက်ကလည်း နိုင်ငံခြားက အသိကတဆင့် သို့မဟုတ် အေးဂျင့်ကနေတဆင့်သွားကြပါတယ်။

အေးဂျင့်ကတဆင့်သွားတာနဲ့ အသိကနေ တိုက်ရိုက်သွားတာ မှာ ဘယ်လိုသွားတာကပိုအဆင်ပြေမယ် ထင်ပါသလဲ?
တိုက်ရိုက်အလုပ်လျှောက်ရတဲ့ အခါမှာ အဓိက လိုအပ်ချက်ကတော့ CV ပြင်ဆင်ပုံ့ပါဘဲ ကိုယ့်ရဲ့ First Impression ဖြစ်တဲ့ CV ကို သေချာမပြင်ဆင်ထားတာက ကိုယ့်ကိုအထင်အမြင်သေးစေပါတယ်။
သူများနိုင်ငံမှာ သွားရောက်အလုပ် လုပ်ကိုင်ရပေမယ့် ဒီနိုင်ငံရဲ့ ပညာတက် လူငယ်တွေဖြစ်တဲ့ အတွက် အထူး ဂရုစိုက်သင့်ပါတယ်။
နောက်တစ်ခုကတော့ လစာပါ အခြေခံလစာမလုံ လောက်မှုကြောင့် နိုင်ငံရပ်ခြားမှာ မိဝေးဖဝေး အလုပ်လုပ်သွားရတာပါ။ ထိုက်သင့်တဲ့ လစာကို ရဖို့လိုပါတယ်။

နောက်တချက်ကတော့ နေဖို့စားဖို့ အတွက် ဘယ်လိုတွေရှိမှာလဲ ဒါတွေလဲ အလုပ်ခေါ်မယ့် ကုမ္ပဏီကို မေးရမှာပါ။ သို့ပေမယ့် အရိုးစွဲနေတဲ့ အားနာခြင်းတွေကြောင့် ကိုယ့်နိုင်ငံမှာကိုယ် ဈေးဆစ်သမျှကို လက်ခံတက်ပါတယ်။
နိုင်ငံရပ်ခြားမှာဆိုရင် ကိုယ့်အတွက် သေချာတဲ့ အာမခံချက်ရှိသင့်ပါတယ်။အကယ်၍များ အေးဂျင့်နဲ့သွားပြီဆိုပါစို့ ထိုက်သင့်တဲ့လစာရဖို့က အေးဂျင့်တာဝန်ပါ၊ နေစရာ၊ထိုင်စရာ အတွက်ကလည်း အေးဂျင့် အလုပ်ပါဘဲ။
အေးဂျင့်တိုင်း အဲ့လိုမျိုးလို့ မဆိုလိုပါဘူး သို့ပေမယ့်လို့ ကိုယ်နိုင်ငံသားချင်း အခက်အခဲပေါင်းစုံကြောင့် နိုင်ငံရပ်ခြား သွားရောက် အလုပ်လုပ်ကိုင်ဖို့ အတွက်ကိုတော့ စေတနာထား ကူညီသင့်ပါတယ်။
ဂျပန်နိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ သွားချင်တယ် ဘာတွေလိုအပ်လဲ၊ ဘာတွေပြင်ဆင်ထားဖို့ လိုလဲ၊ လစာဘယ်လောက်ရနိုင်မလဲ စတဲ့အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ အေးဂျင့်လိုင်စင်ရှိတဲ့ ကုမ္ပဏီတွေရာနဲ့ချီရှိပါတယ်
ဒါပေမယ့် စေတနာထားပြီး လုပ်ကိုင်ပေးတက်တဲ့ ကုမ္ပဏီရှိသလို ဂျင်းထည့်ဖို့ သီးသန့်စောင့်နေတဲ့ ကုမ္ပဏီတွေလဲ ရှိနိုင်ပါတယ်။
ဒါ့ကြောင့် အေးဂျင့်ရဲ့ခိုင်မာမှုကို သေချာစစ်ဆေးသင့်ပါတယ်။ နောက်ကြောင်းရှင်းမရှင်း၊ ငွေကြေးအရှုပ်အထွေးရှိမရှိ စတာတွေကို Facebook Group တွေမှာဖြစ်ဖြစ် မေးမြန်းစုံးစမ်းပါ။
အကောင်းဆုံး ကိုယ်ဝန် ကိုယ့်အားနဲ့ကိုက်ညီတဲ့ အေးဂျင့်ကိုရှာပါလို့ တိုက်တွန်းချင်ပါတယ်။