Loading...

Live In Japan

在留カードをなくしてしまったら Nên làm gì khi mất thẻ lưu trú tại Nhật 在留カード(Residence Card)နေထိုင်ခွင့်ကတ်ပြားပျောက်ဆုံးခဲ့ရင်

在留カードをなくしてしまったら

在留カードဇိုင်းရူးကဒ်ပျောက်သွားခဲ့ရင် ပြန်လျှောက်ရမဲ့ အဆင့်ဆင့် နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းများအကြောင်း ကို SHARE ပေးလိုပါတယ်..

တကယ်လို့ ပျောက်သွားခဲ့ရင်ပြန်‌လျှောက်ဖို့က ပျောက်ဆုံးပြီး ၁၄ရက်အတွင်းမှာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်..သတ်မှတ်ထားတဲ့အချိန်အတွင်းကို ပြန်မလျှောက်နိုင်ရင် ဒဏ်ငွေ ဆောင်ရနိုင်ပါတယ်.. ပြန်လည်လျှောက်ထားရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုပါ ပုံတစ်ပုံချင်းစီမှာဖော်ပြထားပါတယ်.


◆အဆင့် ၁ ◆

ကိုယ်နေတဲ့ ရပ်ကွက်၊ မြို့နယ်ရဲ့ သက်ဆိုင်ရာ ရဲစခန်းကိုသွားပြီး ပျောက်ဆုံးကြောင်း အကြောင်းကြားဖို့လိုအပ်ပါတယ်..在留カードをなくしてしました/Zairyu Card wo nakushite shimasi mashita လို့ အလွယ်ပြောနိုင်ပါတယ်..ကိုယ်က 在留カードပျောက်သွားပြီးဆိုတာသိတာနဲ့ အရင်ဆုံးကိုယ်လက်ရှိလုပ်နေတဲ့ ကုမ္ပဏီက တာဝန်ရှိသူကို အကြောင်းကြားထားဖို့လိုပါတယ်..


◆အဆင့် ၂ ◆

ရဲစခန်းကနေ 在留カードပျောက်ဆုံးကြောင်းထောက်ခံစာ စာရွက်ကို ယူရပါမယ်..ကိုယ်သွားတဲ့ ရဲစခန်းနဲ့လိုက်ပြီးအောက်ပါ စာရွက်ထဲကတစ်ခုခုရနိုင်ပါတယ်(ရဲစခန်းနဲ့လိုက်ပြီး မတူညီတဲ့ စာရွက်လဲဖြစ််နိုင်ပါတယ်)

၁။ 遺失届出証明書/いしつとどけでしょうめいしょ ပျောက်ဆုံးကြောင်းထောက်ခံချက်စာရွက်

၂။ 盗難届出証明書/とうなんとどけでしょうめいしょ အခိုးခံရကြောင်းထောက်ခံချက်စာရွက်

၃။ 罹災証明書/りさいそうめいしょ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး/‌ပျောက်ဆုံးကြောင်းထောက်ခံစာစာရွက်


◆အဆင့် ၃◆

ပြီးရင်တော့ လိုအပ်တဲ့စာရွက်စာတမ်းကိုယူပြီးရင်တော့ ကိုယ်နဲ့ နီးစပ်ရာ လဝကရုံးကို သွားရပါမယ်..

လိုအပ်သောစာရွက်စာတမ်းများ

၁။ 在留カードの再交付申請書 - ဇိုင်းလျူးကဒ်ပြန်လည်ထုတ်ယူရန်လျှောက်လွှာ

၂။ လိုင်စင်ဓာတ်ပုံ

၃။ ရဲစခန်းတွင်ယူလာခဲ့သော ပျောက်ဆုံးကြောင်းထောက်ခံစာ စာရွက်

၄။ ပတ်စပို့

နံပတ်၁ကစာရွက်ကို လဝကဝက်ဘ်ဆိုက်ကနေ ဒေါင်းနိုင်ပါတယ်..

https://www.moj.go.jp/isa/content/001426707.pdf

ပုံတွင်နမူနာပုံစံကို ကြည့်နိုင်ပါတယ်

စာရွက် အပြည့်အစုံနဲ့ လဝကမှာ လျှောက်ခဲ့ပါမယ်..

လဝကမှာလျှောက်ထားဖို့ လက်ခံတဲ့အချိန်က 9:00~12:00、13:00~16:00ဆိုပေမဲ့ ရုံးတစ်ခုစီမှာ အနည်းငယ်ကွားခြားနိုင်တာမလို့ ကိုယ်သွားမဲ့ရုံးရဲ့ အလုပ်ချိန်ကို တချက်စစ်ပြီးသွားတာကောင်းပါတယ်


◆အဆင့် ၄ ◆

စာရွက်စာတမ်းမှာ ပြဿနာတစ်စုံတစ်ရာမရှိရင်သွားလျှောက်တဲ့ ရက်မှာပဲ ကဒ်အသစ်ရပါတယ်..

ကဒ်အသစ်ရလာပြီးမှ အဟောင်း ကို ပြန်တွေ့ ခဲ့တယ်ဆိုရင် ပြန်တွေ့ ပြီး ၁၄ရက်အတွင်းမှာ လဝကကို ပြန်အပ်ဖို့လိုပါမယ်..


Nên làm gì khi mất thẻ lưu trú tại Nhật

Đối với người sống tại Nhật, thẻ lưu trú (在留カード) là vật bất ly thân.

Theo quy định, người nước ngoài sinh sống tại Nhật cần phải mang theo thẻ lưu trú để chứng mình bản thân mình được phép sống hợp pháp tại Nhật. Nếu không thể đáp ứng yêu cầu xuất trình thẻ lưu trú khi được cảnh sát yêu cầu, thì bất kể lý do như nào chúng ta có thể bị phạt tiền đến khoảng 20 vạn Yên. Hoặc có những trường hợp bị phạt lao động công ích đến tối đa 1 năm.

Mất thẻ lưu trú có thể dẫn đến những rắc rối không đáng có, vậy nên khi phát hiện mình bị mất thẻ, hãy ngay lập tức báo cho công ty đang làm việc và báo lên cảnh sát. Nếu có thể khoanh vùng được khu vực đánh mất thẻ, hãy đến báo ở đồn cảnh sát nơi gần khu vực đó nhất. Tại đây bạn sẽ được hướng dẫn viết vào phiếu báo mất đồ(遺失届出書). Cảnh sát sẽ dựa vào thông tin bạn khai trên phiếu báo mất đồ để liên lạc với bạn khi tìm thấy thẻ.

Trong trường hợp không thể tìm thấy, cảnh sát sẽ cấp cho bạn giấy giới thiệu xác nhận việc mất đồ(推薦書), bạn có thể sử dụng giấy này để xin Cục xuất nhập cảnh cấp lại cho thẻ lưu trú mới. Lưu ý thủ tục xin cấp thẻ mới cần thực hiện trong vòng 14 ngày kể từ khi bạn nhận được giấy giới thiệu từ phía cảnh sát.

Các giấy tờ cần chuẩn bị để xin cấp lại thẻ lưu trú gồm:

Ảnh thẻ 3x4 chụp trong thời gian 6 tháng gần nhất

Hộ chiếu

Giấy giới thiệu từ cảnh sát

Đơn xin cấp lại thẻ lưu trú, có thể download tại trang chủ của Cục xuất nhập cảnh

https://www.moj.go.jp/isa/content/930004181.pdf

Sau khi chuẩn bị đầy đủ giấy tờ bạn có thể mang đến Cục xuất nhập cảnh nơi sinh sống và nộp xin cấp lại thẻ lưu trú mới.

Hãy hết sức cẩn thận giữ gìn thẻ lưu trú, tránh làm mất cũng như tuyệt đối không cho người khác mượn để sử dụng nhé!

在留カード(Residence Card)နေထိုင်ခွင့်ကတ်ပြားပျောက်ဆုံးခဲ့ရင်

在留カード(Residence Card)နေထိုင်ခွင့်ကတ်ပြားပျောက်ဆုံးခဲ့ရင် ဘယ်လိုလုပ်မလဲ?

ဂျပန်မှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ နေထိုင်ခွင့်ကတ်ပြားပျောက်ဆုံးတယ်ဆိုတာ အလွန်ကြီးမားတဲ့ ပြဿနာတစ်ခုပါပဲ..

အကယ်လို့များ နေထိုင်ခွင့်ကတ်ပြားပျောက်ဆုံးခဲ့ရင် ဘယ်လိုများလုပ်ရမှာပါလဲ..

နေထိုင်ခွင့်ကတ်ပြားဆိုတာက ဂျပန်နိုင်ငံရောက် နိုင်ငံခြားသားတစ်ယောက်ဟာ တရား၀င်နေထိုင်နေပါတယ်ဆိုတဲ့ သဘောရောက်တာမို့ ပျောက်ဆုံးနေချိန် အစစ်ဆေးခံရရင် ဘယ်လိုအကြောင်းပြချက်နဲ့မှ ဆင်ခြေများပေးခြင်းကို လက်ခံကြမှာမဟုတ်ပါဘူး။ဒဏ်ကြေးအနေနဲ့လည်း ယန်း ၂၀၀,၀၀၀ လောက်ထိကို ပေးဆောင်ရတာမျိုး ရှိနိုင်သည့်အပြင် ထောင်ဒဏ် တစ်နှစ်ပါ ခံရနိုင်တာမျိုးရှိနိုင်ပါတယ်။

နေထိုင်ခွင့်ကတ်ပြား‌ပျောက်ဆုံးနေပြီဟု သိတာနဲ့ အရင်ဦးဆုံး ရဲစခန်း နှင့် မိမိကုမ္ပဏီကို အကြောင်းကြားရပါမယ်။ ပျောက်ဆုံးတဲ့နေရာကို ခန့်မှန်းမိမယ်ဆိုရင်တော့ အဲ့အနီးတ၀ိုက်က ရဲစခန်းများမှာ စုံစမ်းသင့်ပါတယ်။ ဖြည့်သွင်းခိုင်းတဲ့ ပျောက်ဆုံးပစ္စည်းလျှောက်လွှာကို သေချာစွာဖြည့်‌ပေးနိုင်မယ်ဆိုရင် မကြာခင်မှာ ပစ္စည်းပြန်လည်တွေ့ရှိပါက ဆက်သွယ်ပေးလာမှာပါပဲ။ ဘယ်လိုပဲရှာရှာမတွေ့တောဘူး အသစ်လုပ်မှဖြစ်တော့မဲ့အခါမျိုးဆိုရင်လည်း ရဲစခန်းမှာ ပျောက်ဆုံးကြောင်းထောက်ခံစာကို တောင်းခံကာ ၁၄ ရက်အတွင်း လူ၀င်မှုကြီးကြပ်ရေးဌာနမှာ ကတ်ပြားအသစ်ပြန်လျှောက်ထားရမှာဖြစ်ပါတယ်..

ကတ်ပြားအသစ်လျှောက်ထားရာမှာတော့ အောက်ပါစာရွက်စာတမ်းတွေကို ယူသွားရမှာကိုလည်း မမေ့ပါနဲ့

၁။ ဓာတ်ပုံ (၄စင်တီမီတာ,၃စင်တီမီတာ)

၂။ နိုင်ငံကူးလက်မှတ်

၃။ ရဲစခန်းက ထုတ်ပေးထားတဲ့ ပျောက်ဆုံးကြောင်းထောက်ခံစာ

၄။ နေထိုင်ခွင့်ကတ်ပြားလျှောက်လွှာ (အောက်ပါလင့်တွင်ဒေါင်းလုပ်ဆွဲနိုင်ပါတယ်)

https://www.moj.go.jp/isa/content/930004181.pdf

ဂျပန်နိုင်ငံက စာရွက်စာတမ်းနဲ့ပတ်သက်လာရင် တိကျလွန်းတဲ့နိုင်ငံတစ်ခုမို့ လိုအပ်တာတွေကို တပါတည်း ယူဆောင်သွားဖို့ မမေ့ပါနဲ့။

နေထိုင်ခွင့်ကတ်ပြားဆိုတာလည်း နိုင်ငံခြားသားတိုင်းအတွက် အထူးအရေးကြီးတာမို့ မပျောက်အောင်စောင့်ရှောက်ရမဲ့အပြင် တခြားသူကိုလည်း ဘယ်တော့မှ ငှါးရမ်းတာမျိုးမပြုလုပ်သင့်ပါဘူး။

0