ニュースリリース
မင်္ဂလာပါ
လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူငယ်အတော်များများဟာ မိမိ Career နှင့်ပါတ်သတ်ပြီး လမ်းပျောက်နေကြတာ ပါတ်ဝန်းကျင်မှာ တွေ့နေရပါတယ်။ နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်ချင်ပေမယ့် ကျောင်းဆက်မတက်ဖြစ်လို့ ဘွဲ့မရလို့ အခက်အခဲဖြစ်နေတဲ့ လူငယ်တွေ၊ အလုပ်လုပ်ချင်ပေမယ့် ဘယ်က ဘယ်လိုစပြီး လုပ်ရမလဲမသိတဲ့သူတွေ စတဲ့ လမ်းပျောက်နေတဲ့ သူတွေ အားလုံးအတွက် RISE for Career နှင့် WILLTEC Myanmar မှ အစီအစဉ်လေး တစ်ခုစီစဥ်ထားပါတယ်။
အဲဒါကတော့ ရန်ကုန်ရုံးဖြစ်တဲ့ WILLTEC Myanmar ရုံးခန်းမှာ (တနင်္လာနေ့ မှ သောကြာနေ့) အတွင်း ရုံးချိန်အတွင်း သိလိုရာများ၊ ဆွေးနွေးလိုရာများ ၊ တိုင်ပင်လိုရာများကို (အခမဲ့) လာရောက်တိုင်ပင်ဆွေးနွေးလို့ရမယ့် အစီအစဉ်လေးဖြစ်ပါတယ်။ တဦးတယောက်ချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ လာရောက် လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
အတွေ့အကြုံရှိတဲ့ Career Consultant များမှ တိုင်ပင်ဆွေးနွေးလိုသူများကို အကောင်းဆုံး အကြံဥဏ်များ ပေးသွားနိုင်ရန် ကြိုးစားသွားမည်ဖြစ်သောကြောင့် အချိန်ရပါက WILLTEC Myanmar သို့လာရောက်၍ ရင်ဖွင့်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ reception မှာ Career Consulting ပြုလုပ်လိုကြောင်းပြောပါနော်...
RISE for Careerတွင် registration မပြုလုပ်ရသေးသူများလဲ ပါဝင်နိုင်ပါတယ်။
အသေးစိတ်ကို အောက်ပါ Facebook page မှလဲ စုံစမ်းနိုင်ပါတယ်...
https://www.facebook.com/WILLTEC.MYANMAR
Register Now
https://www.risefor-career.com/register
RISE for Career Website တွင်တိုက်ရိုက် registration ပြုလုပ်ရန်အခက်အခဲရှိသူများအတွက်ရည်ရွယ်ပြီး ပြုလုပ်ထားသော Google form ဖြစ်ပါတယ်။ Google formတွင်ဖြည့်သွင်းပြီး ၁ပတ်အတွင်း RISE for Career admin team မှ Account ပြုလုပ်ပေးမည်ဖြစ်ပြီး Log-in ဝင်အသုံးပြုရန်အတွက် အချက်အလက်များကို ဖြည့်သွင်းထားသော mailမှတဆင့်ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။ *လက်ရှိကျောင်းမပြီးသေးသူများလဲဖြည့်သွင်းနိုင်ပါသည်။*
https://forms.gle/9sH9Ur79fEEFFEKT7
လက်ရှိလျှောက်ထားနိုင်တဲ့အလုပ်အကိုင်များကို အောက်ပါလင့်ခ်မှာကြည့်ရှုလျှောက်ထားနိုင်ပါတယ်
https://www.risefor-career.com/job/search
အကျိုးရှိစေမဲ့ articles များကြည့်ရန်
https://www.risefor-career.com/live-learn-lead
အကျိုးရှိစေမဲ့ online seminar များကြည့်ရန်
https://www.risefor-career.com/event/search
Design your own Career, RISE for Career
https://www.risefor-career.com/

【for施工管理者】N3OKの施工管理求人特集!【🆙25/07/07】
2025/07/07